ဗဟန်း ဧပြီ ၉
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့က ကြီးမှူးဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန် အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ဖွင့်လှစ်သည်။
အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ရွေ့ပြောင်းသွားလာသူများ အန္တရာယ် ကင်းစွာ ရွေ့ပြောင်းသွားလာနိုင်ရေး၊ ဘေးကင်းလုံခြုံရေး အသိပညာပေးခြင်း ဒဏ်ရာများနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာများအကြောင်း၊ ကိုင်တွယ်နည်းနှင့် သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ် အထောက်ကူပြုနည်း အစရှိသည့် သင်ခန်းစာများကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးအောင်ကိုဦးနှင့် သင်တန်းဆရာများက စာတွေ့၊ လက်တွေ့ သင်ကြားဆောင်ရွက် ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၀) ဦး တက်ရောက်သင်ကြားလျက်ရှိရာ သင်တန်း ကာလမှာ ဧပြီ ၉ ရက်နေ့မှ ဧပြီ ၁၁ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ၊ သင်တန်းသားများကို ရွှေ့ပြောင်းမသွားလာမီ သိရှိထားရ မည့် အချက်အလက်များစာအုပ်နှင့် မိသားစုပြန်လည် ဆက်သွယ်ရေး အသိပညာပေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)