မြောက်ဦး ဧပြီ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ ကွင်းဆင်းစစ်ဆေး အသိပညာပေးလုပ်ငန်းကို ယမန်နေ့က ၅၄၀ ဂိတ်ရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလှဇံနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများတို့ ပူးပေါင်း၍ ခရီးသွားပြည် သူများအား နိုင်ငံသားစိစစ်ရေးကတ် ယူဆောင်သွားလာရေးအတွက် အသိပညာပေးစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများအား မြို့နယ်ပြင်ပသို့ ခရီးသွား မည်ဆိုပါက လဝကမှ ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသားကတ်၊ ပြုနိုင်ငံ သားကတ်များကို တစ်ပါတည်းယူဆောင်သွားလာကြရန် စစ်ဆေးပြီး မှတ်ပုံတင်များမရှိပါက မိမိတို့နေထိုင်ရာဒေသသို့ ပြန်လည်ရောက်ရှိလျှင် မှတ်ပုံတင်ရရှိရေး အသိပညာပေးဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့၊ နံနက်ပိုင်းမှ စ တင်ကာ ခရီးသွားလျှင် မှတ်ပုံတင် မပါမ ဖြစ်ကိုင် ဆောင်ကြရန်လိုအပ်ကြောင်း ကြေညာထားပြီးဖြစ်ရာ အသက်(၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားတိုင်းမှတ်ပုံတင် ရရှိစေရေးအတွက် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါကွင်းဆင်းစစ်ဆေးအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)