ဝမ်းတွင်း ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများနှင့်ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက် ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအား ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ရှိကြောင်း သိရသည်။
ယခုလို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများ အရောက် ထိုးနှံပေးခြင်း၊ သတ်မှတ်ထားသောစုရပ်များနှင့် မြို့အဝင်ဂိတ်တို့၌ထိုးနှံပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများရေးသွင်းခြင်းများဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ် ဆေးများထိုးနှံပေးခဲ့ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ယမန်နေ့က Astra Zeneca First Dose Phase.9 အဖြစ်(၂၃၈၀)ဦး၊ Sinopharm First Dose Phase.9 အဖြစ်(၄၀၀)ဦး၊ Covishield Second Dose Phase.8 အဖြစ်(၄၈၄)ဦး၊ Booster Dose Covaxin (၂၈၀)ဦး၊ စုစုပေါင်းပြည်သူ (၃၅၄၄)ဦးအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် သက်မှတ်ထားသောဆေးထိုးစုရပ်များအပြင်မြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ်ဖွင့်လှစ်၍ထိုးနှံပေးခြင်း၊နေအိမ်များအရောက် ကွင်းဆင်း၍ ထိုးနှံပေးခြင်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကာကွယ် ဆေးထိုးလုပ်ငန်းများအောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)