စဉ့်ကူးမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

စဉ့်ကူး ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စိတ်ကြိုက်မြန်မာစာဘာသာရပ်အား စဉ့်ကူးမြို့နယ် စာစစ်ဌာနများတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ မရှိကြောင်းနှင့် စာစစ်ဌာန (၅) ခု၌ တက္ကသိုလ် ဝင်တန်းစာမေးပွဲများကို ယမန်နေ့က ဖြေဆိုပြီးစီးကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ပြီး စဉ့်ကူးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)