လင်းခေးတွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လင်းခေး  ဧပြီ  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီက မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်းရှိ၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားအား မြန်မာ့သိုင်းသင်တန်းသား၊ သင်တန်းသူများက မြန်မာ့သိုင်း(၆၃)မောင်းသရုပ်ပြ ဖျော်ဖြေခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။  ဆက်လက်ပြီး လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်/ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတို့က သင်တန်းအသီးသီးတွင် ဆုရရှိခဲ့ကြ သူများအား ငွေသားဆု၊ တံခွန်စိုက်ဒိုင်းဆု၊သင်တန်းဆင်း လက်မှတ်များ အသီးသီးချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြများအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ နွေရာသီအားကစားအခြေခံသင်တန်းကို မြန်မာ့သိုင်းသင်တန်းသား(၆၅)ဦး၊ အမျိုးသား ဘောလုံးသင်တန်းသား(၅၅)ဦး၊ ပိုက်ကျော်ခြင်း(၇၀)ဦး၊ အမျိုးသား၊ အမျိုးသမီးကြက်တောင် (၃၀)ဦး၊ ဘော်လီဘော (၃၅)ဦးနှင့် စာပွဲတင်တင်းနစ်သင်တန်းသား(၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းကာလမှာ (၂၁-၃-၂၀၂၂)ရက်နေ့မှ (၈-၄-၂၀၂၂)အထိ ခရိုင်အား ကစားနှင့်ကာယပညာဦးစီး ဌာနနှင့်မြို့နယ် အား/ကာတို့ပူးပေါင်း အစီအစဉ်ဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်အားက စားနှင့်ကာယပညာဦးစီးဌာနမှူး ဦးယဉ်မင်းပိုက်(လက်ထောက်ညွှန်ကြားရေးမှူး)ထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)