ပူတာအို ဧပြီ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုနှစ် ဧပြီလကုန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ပေးနိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဧပြီ(၈)ရက် မွန်းလွဲ ၂ နာရီတွင် ခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတ အဖွဲ့ဝင်များနှင့် ပူတာအိုမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရိပ်သာဧည့်ခန်းမဆောင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အတွက် လုပ်ငန်းစီမံချက်များရေးဆွဲ၍ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ ကာကွယ်ဆေး သတ်မှတ်ကာလအမီ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ပြည်နယ်အစိုးရ အနေ ဖြင့် ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြစေလို ကြောင်း ပြောကြားပြီး ခရိုင်/မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှု အခြေ အနေများ၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုအခြေအနေများနှင့် ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များ၊ အခက်အခဲ များ၊ ပံ့ပိုးကူညီပေးရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ် ဝန်ကြီးက လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူ အစိုးရစက်မှုလက်မှု သိပ္ပံ (ပူတာအို)ကျောင်း၌ ကျောင်းအုပ်ဆရာကြီး၊ နည်းပြဆရာ/ ဆရာမများနှင့် သွားရောက် တွေ့ဆုံကာ ဆရာ/ဆရာမများသည် လူသားအရင်းအမြစ်များကို မွေးထုတ် ပေးနေသောသူများ ဖြစ်သည့်အတွက် သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက်အစိုးရ စက်မှုလက်မှုသိပ္ပံ (ပူတာအို)ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်က အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို) တို့နှင့် စပ်လျဉ်းသည့် ကျောင်းဆိုင်ရာ အချက်အလက်များ၊ သင်ကြားရေးလုပ်ငန်း လိုအပ်ချက်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနားလမ်းမှ အစိုးရနည်းပညာအထက်တန်း ကျောင်းသွား ကျောက်ချောလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်လမ်းခင်းပေးနိုင်ရေး မြေပြင်ကွင်းဆင်း တွက်ချက်၍ တင်ပြသွားနိုင်ရေး ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ခရိုင် ပြန်/ဆက်