ပုဏ္ဏားကျွန်း ဧပြီ ၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ နွေရာသီအားကစားအခြခံ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ (၄)နာရီက မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းက နွေရာသီအားကစားသင်တန်းသည် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒနှင့်အညီ “မြန်မာ့အားကစားမှ ကမ္ဘာအားကစားသို့” ဆောင်ပုဒ် အတိုင်း မြင့်မားသော ရည်မှန်းချက်၊ တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းလူငယ်များအနေနဲ့ ထူးချွန်ထက်မြက်တဲ့ အားကစား လူရည်ချွန်မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရန် ကြိုးစားပြီး လေ့ကျင့် သင်ယူကြစေလိုပါကြောင်းရှင်းလင်း မှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်နု၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် တာဝန်ရှိသူတို့က ဘောလုံး သင်တန်း၊ မြန်မာ့သိုင်းသင်တန်း၊ ကရာတေးဒိုသင်တန်း၊ ပိုက်ကျော်ခြင်းသင်တန်း၊ စားပွဲတင် တင်းနစ်နှင့် အေရိုဗစ် (Fitness Dance) စသည့် သင်တန်း/သူတို့အား သင်တန်ဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး မြန်မာ့သိုင်းသင်တန်းသားများက သရုပ်ခြင်းနှင့် အေရိုဗစ် (Fitness Dance) သင်တန်းတို့က သရုပ်ဖျော်ဖြေကပြခဲ့ကြသည်။
အဆိုပါ သင်တန်းများသို့ သင်တန်းသား ကျောင်းသား၊ လူငယ်(၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကာ ရိုးရာခြင်းလုံးသင်တန်းနှင့် နွေရာသီအားကစား အခြေခံမွမ်းမံသင်တန်းကို နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်နောက်ပိုင်းတွင် ဆက်လက်ဖွင့်လှစ်ရန် စီစဉ် ထားရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)