မိုင်းငေါ့မြို့အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား (Sinovac)အမျိုးအစား ကိုဗစ်-၁၉‌  ရောဂါကာကွယ်‌ဆေးထိုးနှံပေး

မိုင်းငေါ့ ဧပြီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Sinovac အမျိုးအစားကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ယမန်နေ့ နံနက်(၁၀) နာရီအချိန်က  (Sinovac)အမျိုးအစား ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား(၁၄) ဦး၊မ(၈)ဦး စုစုပေါင်း(၂၂)ဦး တို့အား မိုင်းငေါ့မြို ဈေးရပ်ကွက် ဘုန်းတော်ကြီးကျောင်းရှိ အတုလဇေယျာ ဆောင်ဓမ္မာရုံတွင်  တိုက်နယ်ကျန်းမာရေဌာနမှ  ဆရာမ ဒေါ်ခင်မျိုးဦးနှင့်အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြပါသည်။

ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း များစစ်ဆေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာ ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

မြင့်သွယ်(မိုင်းငေါ့၊ပြန်/ဆက်)