မိုင်းတုံမြို့၊ မဲကင်ကျေးရွာ၌ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဟောပြော ပွဲပြုလုပ်

မိုင်းတုံ ဧပြီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မဲကင်ကျေးရွာ စုပေါင်းခန်းမ ၌ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ယမန်နေ့  နေ့လယ် ၁ နာရီအချိန်က အသိပညာ‌ပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်း၊ ပညာပေးခြင်း၊ အကူအညီပေးခြင်း၊ အကြံပေးခြင်း၊ သတင်းများ အပြန်အလှန်ဖလှယ်ခြင်း လုပ်ငန်းများကို မိမိတို့အဖွဲ့ဝင်များ ဆောင်ရွက်ပေးနေမှု ကို မဲကင်ကျေးရွာရှိ ပြည်သူများအား သိရှိနားလည်စေရန် အကျယ်တစ်ဝန်း ရှင်းလင်း ဆွေးနွေးပြီး လိုအပ်လျှင် မိမိတို့ဌာနသို့ လာ‌ရောက်အကူအညီ‌ တောင်းနိုင်ကြောင်းနှင့် မိမိတို့ကူညီဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ကူညီ‌ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားသွားသည်။

အဆိုပါ‌ ဟောပြောပွဲတွင် တက်ရောက်လာသည့်‌ ကျေးရွာသူ၊ ကျေးရွာသားများ၏ ကိုယ်စား တာဝန်ရှိသူတစ်ဦးက  မိမိတို့ကျေးရွာသို့ အခုလို  မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့က မိမိကျေးရွာအရောက် လာရောက်၍ လုပ်ဆောင်နေသည့် လုပ်ငန်းများကို ရှင်းလင်း ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ ပြန်/ဆက်)