ပေါက်တော ဧပြီ ၉
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့် အထက် ဦးတည်အုပ်စုတွင် ပါဝင်သူ များအား သတ္တမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံ ပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက် များနှင့် အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီး သည့်သူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမအသုတ်(ဒုတိယ)အကြိမ်ကို ဦးတည်အုပ်စုပြည်သူ စုစုပေါင်း (၃၂၆၂)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်