ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ကွင်းဆင်း ဆောင်ရွက်

ဒဂုံအရှေ့ ဧပြီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေး အစီအစဉ်အလိုက် ဦးတည်အုပ်စုများ သတ်မှတ်ကာကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်း ပြည့်ထိုးနှံပေးနိုင်ရေးအတွက် Mobile အစီအစဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့်  ပြည်သူများအား COVI SHIELD ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ၇ ရပ်ကွက် ဒေသန္တရဆေးထိုးစုရပ်၊ အမှတ် ၁၅၅ ရပ်ကွက်ဓမ္မာရုံတို့၌ ဆက်လက် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံ ပေးခြင်းကို ဧပြီ  ၈ ရက်နေ့တွင် ၇ ရပ်ကွက် ဒေသန္တရဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ ရောဂါ CoviShield ပထမအကြိမ် ထိုးနှံသူ (၁၇)ဦးနှင့် ဒုတိယအကြိမ်ထိုးနှံသူ (၁၂၆)ဦး၊ ဒုတိယ အကြိမ် Sino pharm နို့တိုက်မိခင်(၅)ဦး စုစုပေါင်း(၂၄၈)ဦးနှင့် အမှတ် ၁၅၅ ရပ်ကွက်ဓမ္မာရုံး၌ CoviShield ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံသူ (၇၇)ဦး ပထမ အကြိမ် Sinopharm နို့တိုက်မိခင်(၅)ဦး ပေါင်း(၈၂)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)