မိုးမောက်မြို့တွင် အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုးမောက် ဧပြီ ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား/သူ၊ ကလေးလူငယ်များ စာဖတ်စွမ်းရည် မြင့်မား လာစေရန်နှင့် စာပေဖတ်ရှုလေ့လာချင်သော အလေ့အကျင့်ကောင်းများ ရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေး၏ ဦးဆောင်မှုဖြင့် အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် "ကွန်ဂဒူးငှက်" မွန်ရိုးရာပုံပြင်ကို Green Light Education Center မှ အလယ်တန်းအဆင့် ကျောင်းသူ/သား (၁၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို မလုလုဆိုင်းအိမ်(သတ္တမတန်း)၊ ဒုတိယဆုကို မောင်နော်ဇင်အောင်(သတ္တမတန်း)နှင့် တတိယဆုကို မောင်အောင်မျိုးလတ်(သတ္တမတန်း)တို့က ရရှိခဲ့ပြီး ဆုများကို မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေး၊ ဒေါ်ခိုင်နှင်းသွယ် (အလယ်တန်းပြ အ.မ.က ၃ ကြေးနန်းကျောင်း)နှင့် Green Light Education Center ဆရာမဒေါ်ဂျာရှီ တို့က အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

လွန်းနန်းထွေး(ပြန်/ဆက်)