ပင်လောင်း စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကပ်ထား ကြေညာခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း(၅)ဦး၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး၊ ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသား ကိုယ်စားလှယ်များမှ ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၈)ဦး၊ ကချင် တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး၊ လီဆူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦး၊ လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် လောင်း(၆)ဦး၊ အင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် လောင်း(၇)ဦး၊ ကယန်း တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ အာခါတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၄)ဦး တို့က ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး လွှတ်တော်အသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်း စုစုပေါင်း(၆၅)ဦး ရှိကြောင်းသိရသည်။
ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)ဖြင့်တောင်းဆိုသော ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် နိုင်ငံပြင်ပရှိအစိုးရ၏ ခွင့်ပြုချက်ဖြင့် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှ ဆန္ဒမဲပေးခွင့်တောင်းဆိုလာသူ(၁၆ရ)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်