မင်းပြားမြို့၌ ရွှေပြောင်းသွားလာမှုဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

မင်းပြား ဧပြီ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များနှင့် လူငယ်များအတွက် လုံခြုံစိတ်ချရသော ရွှေပြောင်းသွားလာမှုဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက မြန်မာနိုင်ငံရဲ့ အခြားဒေသ တစ်ခုခုမှာ သို့မဟုတ် နိုင်ငံရပ်ခြားမှာအလုပ်ရှာပေးမယ်၊  အလုပ်ပေးနိုင်တယ်လို့ ပြောပြီးစည်းရုံးကမ်းလှမ်း လာခဲ့လျှင်သေသေချာချာစဉ်းစားပါ၊ မိသားစုဝင်များ၊ ကလေးသူငယ်များကို အကူညီပေးနေသော လူမှုအဖွဲ့အစည်းများနှင့်တိုင်ပင်ပါ၊  သင့်မိသားစုဝင်များကိုအသိမပေးဘဲ ဘယ်တော့မှလိုက်ပါမသွားပါနှင့် စသည့် ကလေးသူငယ်များ၊ လူငယ်များအတွက် လုံခြုံစိတ်ချရသော ရွှေပြောင်းသွားလာမှုဆိုင်ရာ အချက်အလက်များအား Online အသိပညာပေး Talk Show ဆောင်ရွက်ပေးခြင်းကြောင့် လူကုန်ကူး ခေါင်းပုံဖြတ်မခံရစေရန် မိမိကိုယ်ကိုကာကွယ်နိုင်ရန်၊  သတိရှိရန်အသိပညာပေးမှုဖြစ်ကြောင်း သိရသည်။

သိန်းနုအောင်