တွံတေး စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းဖြင့် ဈေးသွားဈေးလာ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်ခြင်း အလေ့အထရှိခြင်းကြောင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် Mask များ ဖြန့်ဝေ ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွတ်လပ်ရေးကျောက်တိုင် မီးပွိုင့်လမ်းဆုံ၊ ဘုရင်နောင်လမ်းဆုံနှင့် တွံတေး-ဒလ-လှိုင်သာယာ လမ်းဆုံရာ ဘုရားငုတ္တိုလမ်းဆုံတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mask များဖြန့်ဝေရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ခရီးသွား ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ ဈေးသွားဈေးလာ လူထူထပ်သည့် နေရာများ တွင် Mask ယူဆောင် အသုံးပြုတပ်ဆင်ခြင်း အလေ့အထရှိစေရေး၊ လမ်းသွား၊ လမ်းလာပြည်သူများ Mask တပ်ဆင်ခြင်းမရှိသူများ အား Mask များ ဝယ်ယူတပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများဖြင့် အရှိန်အဟုန်မြှင့်ပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)