မိုင်းပန် ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ နမ့်ဟူး ကျေးရွာတွင် ဧပြီလ (၄) ရက်နေ့က မီးလောင်မှုတစ်ခုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသော အသက် (၆၁) နှစ်အရွယ် အဘိုး ဦးလုံးနော်အတွက် လင်းခေးခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ဝန်ကြီးဌာနမှ မတည်ငွေ၊ ရပ်ဝေး/ရပ်နီး အလှူရှင်များ၏ အလှူငွေ များဖြင့် ဧပြီလ (၆) ရက်နေ့မှ စတင်၍ နေအိမ်တစ်လုံး ဆောက်လုပ်လှူဒါန်းပေးခဲ့ရာ ဧပြီလ (၇) ရက်နေ့ ညနေပိုင်းတွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါမီးဘေးသင့် အဘိုးဦးလုံးနော်အတွက် မိုးလုံလေလုံတစ်ထပ်တိုက်အိမ် (အလျား ၁၅ ပေx အနံ ၁၂ ပေ x အမြင့် ၇ ပေ) နေအိမ်အား “နမ့်ခုံး” ရှမ်းများ ပရဟိတအသင်း(ခွဲ) မိုင်းပန်မြို့၊ မိုင်းပန်မြို့နယ်စေတနာ့ ဝန်ထမ်းများအသင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များ၏ စုပေါင်းအလှူငွေဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ ဆောက်လုပ်ပေးခဲ့ကြောင်းသိရသည်။ နေအိမ်ဆောက်လုပ်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး အလှူငွေ (၁) သိန်းကျပ်၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင် များက လှူဒါန်းထားသည့် သက်ကြီးဘိုးဘွား နေအိမ်များဆောက်လုပ်လှူဒါန်းခြင်း ရန်ပုံငွေမှ (၃) သိန်းကျပ်၊ ရှမ်းပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင် မိသားစုမှ အလှူငွေ (၅) သောင်းကျပ် စုစုပေါင်းမတည်ငွေ (၄) သိန်း (၅) သောင်းကျပ်ဖြင့် စတင် ဆောင်ရွက်ခဲ့ကြောင်းနှင့် ရပ်ဝေးရပ်နီးမှ ထပ်မံကောက်ခံရရှိသည့် အလှူငွေ (၅၉၄၈၀၀) ကျပ်ဖြင့် (၂) ရက်တာအတွင်း ပြီးစီးရန်အတွက် ကြိုးပမ်းဆောက်လုပ်ပေးခဲ့ကြောင်းသိရသည်။ နေအိမ် ဆောက်လုပ်ပြီးနောက် ပိုလျှံသည့် အလှူငွေ တစ်သိန်းနှစ်သောင်းကျပ်တိတိအား အလှူရှင်များနှင့် အိမ်ရှင် အဘိုး ဦးလုံးနော်၏ ဆန္ဒအရ သက်ကြီးဘိုးဘွားနေအိမ်များ ဆောက်လုပ်လှူဒါန်းခြင်း ရန်ပုံငွေအဖြစ် ပြန်လည်လှူဒါန်းခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှူ ဦးနေ၀င်းမှ လက်ခံရယူပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)