တာချီလိတ် ဧပြီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကျေးရွာများသို့ကွင်းဆင်း၍ "ပန်းခင်းစီမံချက်" အိမ် ထောင်စုလူဦး ရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာ စကားပြောကြားပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ရာ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးသိန်းဇော်၊ ခရိုင်လဝကဦးစီးမှူး ဦးဦးသွင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်း အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော် ၊မြို့နယ်လဝကဦးစီးမှူး ဦးကျော်စိုး အောင်တို့က နိုင်ငံသားစိစစ်ရေးကတ်ပြား( ၁၅၄)ကတ်၊ အိမ်ထောင်စုလူဦးရေ စာရင်း(၃၃)ခုကို ပေးအပ်ခဲ့ရာ တိုင်းရင်းသားများကိုယ်စား ဒေသခံပြည်သူ ဦးမြင့်ဦးက ကျေးဇူး တင်စကားပြော ကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး ဝန်ထမ်းများက ခရီးသွား bလာရာ၌ နိုင်ငံသားစိစစ်ရေးကတ်( မှတ်ပုံတင်)ကိုင်ဆောင်သွားကြရန် အသိပညာပေးစာစောင်များ ကိုဖြန့်ဝေပေးခဲ့ပြီး ကျန်းမာ ရေးဝန်ထမ်းများက ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)