မိုင်းငေါ့မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တိုက်နယ်ကျန်းမာရေးဌာနသို့ ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း

မိုင်းငေါ့ ဧပြီ ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာနသို့ ကျန်းမာရေးသုံးပစ္စည်း ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းနှင့် ကူးစက်ပြန့်ပွားမှု မရှိ‌‌စေရေးအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး PPEဝတ်စုံ (၅၀)စုံ၊ N95 (၁၀၀)ခု၊Hald Gel (၂)ဘူးတို့ကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြရာ မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာန မှ ဆရာမ ဒေါ်နန်းခင်မျိုးဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)