ကွတ်ခိုင် ဧပြီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ကျီးပေါင်းရောဂါဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန CommunitCentreခန်းမတွင် ယမန်နေ့ မွန်းလွှဲ(၂) အချိန်က ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ကအသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ် များအားရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တာဝန်ခံဆရာမ ဒေါ်သက်စုပိုင်က ယနေ့ကမ္ဘာတွင် အဖြစ်အများဆုံးသော ရောဂါများတွင ကျီးပေါင်းရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ကျီးပေါင်းရောဂါသည် အရိုး၊ အဆစ်လေးတွေရဲ့ ထောင့်လေးတွေမှာ အတက်ကလေးတွေထွက်နေ ခြင်းဟာဆိုရင် ကျီးပေါင်းရောဂါ ဖြစ်နိုင်ချေရှိသည့်အခြေအနေ၊ အရိုးကျီးပေါင်းရောဂါဟာလူကြီး၊ လူငယ်မရွေးဖြစ်နိုင်သော ရောဂါ ဖြစ်နိုင်ကြောင်း၊ ခန္ဓာကိုယ်တွင်အရိုးကျီးပေါင်းဖြစ်နိုင်သော နေရာများ၊ အရိုးကျီးပေါင်းမဖြစ်အောင် အဝမလွန်အောင် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်း ဖြင့်ကာကွယ်နိုင် သည့် နည်းလမ်းများဆောင်ရန်၊ ရှောင်ရန်တို့ကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဌေးဌေးဝင်း(ကွတ်ခိုင်)