မြစ်ကြီးနားမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဧပြီ ၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြစ်ကြီးနားမြို့  မြို့သစ်ကြီးရပ်ကွက် ဧဝံဂေလိ အသင်းတော်၌ ဖွင့်လှစ်လျှက်ရှိသော နွေရာသီအခမဲ့ ဘောလုံး အခြေခံသင်တန်းတွင်  ဧပြီ ၈ ရက် နံနက် ၈ နာရီက လူငယ်ရေးရာ ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးအောင် သူမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးကိုမှ အားကစားနှင့် ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းပြောကြားကာ မြစ်ကြီးနားမြို့နယ် အားကစား မှူး ဦးဇော်ထွန်းမှ ကချင်ပြည်နယ်/ ခရိုင်/ မြို့နယ်တို့၏ လမ်းညွှန်မှုဖြင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် အားကစားကိစ္စရပ်များနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြစ်ကြီးနားခရိုင်မှူး လက်ထောက ညွှန်ကြားရေးမှူး ဦးမျိုးနိုင်မှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နွေရာသီအခမဲ့ အားကစားသင်တန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ နွေရာသီ အခမဲ့ဘောလုံးအခြေခံသင်တန်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဧပြီလ (၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ (၁)လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နွေရာသီအခမဲ့ အားကစားနည်း (၁၈) မျိုး ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းသား/သူ (၁၀၀၀) ကျော် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)