တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ်အား ကျောင်းသား/သူ ၈၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

တာမွေ     ဧပြီ    

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ်ကို တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် ဆက်လက်ကျင်းပခဲ့ပြီး ကျောင်းသား/သူ (၈၆)ရာခိုင်နှုန်း အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ်ဖြေဆိုနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်မား၊ မြို့နယ်ပညာရေးဌာနမှ တဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ်အား ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၀)ဦး၊ ကျောင်းသူ(၁၂)ဦး စုစုပေါင်း (၂၂)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၈)ဦး၊ ကျေင်းသူ(၁၁)ဦး စုစုပေါင်း (၁၉)ဦးအထိရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၆)ရာခိုင်နှုန်း အထိရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)