တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီ အခြေခံပန်းချီသင်တန်းဆင်းပွဲ ကျင်းပ

တောင်ဥက္ကလာပ ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ စာအုပ်စာပေချစ်မြတ်နိုး သူအျားအသင်း(Book Club)နှင့် မြို့မိမြို့ဖတို့ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ဖွင့်လှစ်သော အခြေခံပန်းချီ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် သင်တန်းနည်းပြဆရာ ဦးစိုးမြင့်ဒွဏ်းမှ သင်တန်းသား/သူများအား သင်တန်းနှင့်ပတ်သတ်သော မှတ်ယူဖွယ်စကားများ၊ နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပညာကို အခြေခံတတ်မြောက် စေရန်နှင့် အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူကလေး (၁၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီ(၄)ရက်နေ့မှ စတင်၍ဧပြီလ(၈)ရက်နေ့အထိ စုစုပေါင်း(၅)ရက်ကြာ ဖွင့်လှစ် သင်ကြားခဲ့ပြီးသင်တန်းနည်းပြဆရာ ဦးစိုးမြင့်ဒွဏ်းအား မြို့မိမြို့ဖများမှ လက်ဆောင်များပေး၍ သင်တန်းသား/သူ များမှ  ဂါရဝပြုကန်တော့ကြကြောင်း သတင်းရသည်။

ဝင်းထက်ထက်အောင်  (ပြန်/ဆက်)