တွံတေးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆို ပြီးစီး

တွံတေး ဧပြီ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို နောက်ဆုံးနေ ကျောင်းသား/ ကျောင်းသူများမှ ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍ နေ့လယ် ၁၂  နာရီထိ သမိုင်းဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကြ ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို မြို့နယ်အတွင်းမှ ကျောင်းသား/ ကျောင်းသူ များ၀င်ရောက် ဖြေဆိုကြရာတွင် လျှောက်လွှာတင်သွင်းသူ ကျား (၃၉၆) ဦး၊ မ (၅၅၄) ဦး၊ စုစုပေါင်း (၉၅၀) ဦးရှိရာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် နောက်ဆုံးနေ့ သမိုင်း ဘာသာရပ်တွင် စာရင်းရှိ ကျား( ၃၀) ဦးမ (၃၀) ဦး စုစုပေါင်း( ၆၀) ဦး အနက်ဖြေဆိုသူကျား ( ၂၅) ဦး၊ မ (၂၈) ဦးစုစုပေါင်း (၅၃) ဦး ဖြေဆိုရာ ၈.၃၃ ရာခိုင်နှုန်း ဖြေဆိုကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ နောက်ဆုံးနေ့ ဘာသာရပ်တွင် ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကျော်မြင့် အဖွဲ့၀င်(၁) ဗိုလ်မှူးဇာနည်မောင်နှင့် အဖွဲ့ဝင်များဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပညာရေးကြီးကြပ်မှု ကော်မတီဝင် များ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးသား