ကျိုက်မရော ဧပြီ ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုခန်းမ၌ ကျိုက်မရောမြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ရှင်းလင်း ဆွေးနွေးပြီး ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ရီရီဝင်းက ကိုဗစ်-၁၉ရောဂါအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆွေးနွေးပြောကြားရာ၌ ကိုဗစ်-၁၉ရောဂါကို အကောင်းဆုံး ကာကွယ်နိုင်ရန်မှာ အဓိကအရေးအကြီးဆုံးအချက်က ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပြီးပါက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခဲ့လျှင်လည်း အသက်အန္တရာယ် မထိခိုက်ပဲ ညင်သာစွာခံစားရမှာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြဖို့ အဓိက တိုက်တွန်းလိုပါကြောင်း ကျန်းမာရေးဝန်အကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကုသရေးနှင့်ကာကွယ်ရေး အပိုင်းနှစ်ခုလုံးကို မပျက်မကွက် လုပ်ဆောင်ရန် လိုအပ်ပြီးအကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးပါက သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတ ရရှိစေရန်အတွက် ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ အရုပ်ခေါက်ခြင်းများကို on line မှတစ်ဆင့် အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ရုံးဖွင့်ရက်များအတွင်း facebook Page စာမျက်နှာတွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)