မိုးနဲ ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာတွဲ သမိုင်းဘာသာရပ်ကို အ.ထ.က စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီထိ အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲစခန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ စေတနာ့ဝန်ထမ်းများ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကျောင်းအတွင်းဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ/ကျောင်းသားများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းပေးဝေခြင်း၊ ကျောင်းအတွင်းအပြင်လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေး နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အတွဲ (၂) ဝိဇ္ဇာတွဲ ဖြေဆိုသူ ၃ ဦးရှိကြောင်းနှင့် ဧပြီလ ၈ ရက်နေ့တွင် သမိုင်းဘာသာ ဧပြီလ ၉ ရက်နေ့တွင် စိတ်ကြိုက်မြန်မာဘာသာတို့ကို ဖြေဆိုသွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)