ကော့မှူး ဧပြီ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ယနေ့နံနက်၉နာရီက ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း သမိုင်းဘာသာရပ်အား တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနေကြကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင် စာစစ်ဌာန(၃)ခုတွင် သမိုင်းဘာသာရပ်ဖြေဆိုသည့် စာရင်းရှိ ကျောင်းသား (၅၇)ဦး၊ ကျောင်းသူ(၇၃)ဦး၊ စုစုပေါင်း (၁၃၀)ဦးရှိပြီး ယနေ့ဖြေဆိုသည့် ကျောင်းသား(၅၁)ဦး၊ ကျောင်းသူ(၆၈)ဦး၊ စုစုပေါင်း(၁၁၉)ဦး ဖြေဆိုကြရာ ၉၁ဒသမ ၅၄ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်ကျောင်းသား (၆) ဦး၊ ကျောင်းသူ (၅)ဦး၊ စုစုပေါင်း (၁၁)ဦးရှိရာ ပျက်ကွက် ၈ဒသမ၄၆ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသူ/ ကျောင်းသားများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊မြို့နယ်ပညာ ရေးမှူးနှင့် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကျောင်းသား/ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည်။
ကျော်သူရ