နမ့်ခမ်းမြို့၌   တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြေဆိုမည့်  ကျောင်းသားကျောင်းသူများမရှိသဖြင့် စာမေးပွဲနောက်ဆုံးနေ့အဖြစ် သမိုင်းဘာသာရပ် အောင်မြင်စွာဖြေဆို

နမ့်ခမ်း ဧပြီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆိုရန်လျှောက်ထားသည့် ကျောင်းသား ကျောင်းသူများမရှိသဖြင့် စာမေးပွဲနောက်ဆုံးနေ့အဖြစ် သမိုင်းဘာသာရပ်ကို ယနေ့(၁၂)နာရီ အချိန်တွင် နမ့်ခမ်းစာစစ်ဌာန၌ အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်း၌ မြို့နယ်စာစစ်ဌာနအဖြစ် ကျင်းပလျက်ရှိရာ ယနေ့တွင် သမိုင်းဘာသာရပ်များ ဖြေဆိုရန်အတွက် ကျောင်းသား ကျောင်းသူများ စုစုစုပေါင်းစာရင်းရှိ (၉) ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ(၂)ဦးနှင့်  စုစုပေါင်း လာရောက် ဖြေဆိုသူ(၇)ဦးရှိပြီး နမ့်ခမ်းမြို့နယ်စာစစ်ဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုမှုရာခိုင်နှုန်း (၇၇.၇၈%) ဖြင့် လာရောက်ဖြေဆိုလျက်ရှိသည်။

နမ့်ခမ်းမြို့နယ်စာစစ်ဌာနတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသားကျောင်းသူများမရှိသည့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့အဖြစ် ငြိမ်းငြိမ်းချမ်းချမ်း အောင်မြင်စွာဖြေဆိုပြီးမြောက်ခဲ့သည်။

နမ့်ခမ်းမြို့တွင် ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက်   ပညာရေးဌာနမှ တာဝန်ကျ ကျောင်းဆရာ/ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်း၊ ကြက်ခြေနီအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုံခြုံရေးတာဝန် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့အဖြစ် သမိုင်းဘာသာရပ်များကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)