ကျောက်မဲမြို့တွင် နွေရာသီ အခြေခံ(ဘောလုံး၊ မြန့်မာ့သိုင်း၊ ကရာတေးဒို၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်) အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ ဧပြီ ၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံ (ဘောလုံး၊ မြန့်မာ့သိုင်း၊ ကရာတေးဒို၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်) အားကစား သင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီ ၇ နေ့ မွန်းလွဲ  ၃  နာရီအချိန်က ကျောက်မဲမြို့၊ အမှတ် ၁ အခြေပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ သည်။

ယင်းနောက် ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်း၊ သင်တန်းဆရာများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း၊ ဘောလုံးသင်တန်းဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးသည့်  ကုမ္မဏီအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဘောလုံး၊ မြန့်မာ့သိုင်း၊ ကရာတေးဒို၊ အေရိုးဗစ်သင်တန်းသား/သူများက အားကစားနည်းအလိုက် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။

နွေရာသီ ကျောင်းပိတ်ရက်အတွင်း  လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊  ဗလ ၅ တန်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရန်၊  ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အဆိုပါ ဘောလုံး၊ မြန့်မာ့သိုင်း၊ ကရာတေးဒို၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်သင်တန်းများကို  မတ်လ ၂၅ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ဒေသခံလူငယ်ပေါင်း ၁၈၅ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း  ကျောက်မဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)