ပင်းတယမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ သမိုင်းဘာသာရပ်၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၂၉၄) ဦး အေးချမ်းစွာဖြေဆိုပြီးစီး

ပင်းတယ ဧပြီ ၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁) ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင်စာစစ်ဌာန(၅)ခု၌ ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ သမိုင်းဘာသာရပ်တွင်  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနေဖြင့် စာစစ်ဌာန (၅)ခုဖြစ်သည့် အမှတ်(၁)အ.ထ.က၊ အ.ထ.က (ကြိုသက်)၊ အ.ထ.က(ကျုံး)၊ အ.ထ.က (တောင်ပေါ်ကြီး)နှင့် အ.ထ.က(မိုင်းအင်)စာစစ်ဌာနတွင် ယနေ့ဖြေဆိုသည့် သမိုင်းဘာသာရပ်တွင် ကျောင်းသား/ ကျောင်းသူဦးရေ စုစုပေါင်း(၃၂၅) ဦး ဝင်ရောက်ဖြေဆိုစာရင်းရှိရာ ဖြေဆိုသူ(၂၉၄) ဦးရှိပြီး၊ ဖြေဆို ပျက်ကွက်သူ ကျား((၉) ဦး၊ မ (၂၂) ဦး စုစုပေါင်း (၃၁)ဦး ဖြစ်၍ ပင်းတယမြို့နယ် တစ်မြို့နယ်လုံးအနေဖြင့် ဖြေဆိုရာခိုင်နှုန်း (၉၀.၅) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲ ဖြေဆိုနေစဉ် ကျောင်းသူ/ကျောင်းသား များအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်သက်ဆိုင်ရာဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပင်းတယ(ပြန်/ဆက်)