ဟိုပန်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီကရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဆောင်ရွက်

ဟိုပန် ဧပြီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊"" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အိုမီကရွန်အပါ အဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရောဂါကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များကို ဟိုပန်မြို့ ပေါ်ရှိ မြို့မဈေးနှင့် ကောင်းဟုန်းရပ်ကွက်များသို့ သွားရောက်၍ အသိပညာပေးဆော်ဩရေးများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးဆော်ဩရေး ပြုလုပ်ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် အိုမီကရွန် အပါအဝင်  ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရန်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံကြရန်၊ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြ ရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင် ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စက္ကန့်နှစ်ဆယ်ကြာ အောင်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်၍ ကျန်းမာရေးစစ် ဆေးမှုများ စနစ်တကျခံယူကြ ရန် နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် စသည့်အချက်များကို လက်ကိုင်အသံချဲ့စက်ဖြင့်  လိုက်လံ၍ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)