ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့ မြို့အဝင်အ ထွက်ဂိတ်များတွင် စစ်ဆေးထိုးနှံ

ညောင်ဦး ဧပြီ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန်က စတင်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်ကာကွယ်ဆေးအား ထိုးနှံပြီး/ မပြီးနှင့် ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်များ ရှိ/မရှိတို့ကို စစ်ဆေး ဆောင်ရွက်လျက် ရှိကြရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား မြို့အဝင်အထွက်ဂိတ်တွင် ချက်ခြင်း ထိုးနှံဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ကာ ကွယ်ဆေးထိုးနှံရာ၌ မကျန်ရှိစေရေး မြို့နယ်အတွင်းရှိ ပြည်သူများကိုစည်းရုံးပြီး ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး စစ်ဆေး ကြီးကြပ် ထိုးနှံပေးလျက်ရှိကြောင်းသိရကာ ညောင်ဦးလေဆိပ်လမ်းဆုံ၊ ညောင်ဦး-ချောက်သွား ကားလမ်း လောကနန္ဒာဥယျာဉ်ဂိတ်၊ ညောင်ဦး-မြင်းခြံ လက်ပံခြေပေါ်ဂိတ်၊ မဏိစည်သူဈေးနှင့် ဘုဉ်းစဉ်အခွန်လွတ်ဈေး နေရာများတွင် Mobile ပူးပေါင်းအဖွဲ့က စစ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။         

ကိုထိန်၊ KPD