ညောင်ဦး ဧပြီ ၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များအချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီ အားကစားသင်တန်း အေရိုးဗစ်သင်တန်း ဆင်းပွဲအား ယနေ့ နေ့လယ် ၁၂နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
ညောင်ဦးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနအနေဖြင့် နွေရာသီအေရိုးဗစ် သင်တန်းအခမဲ့ဖွင့် လှစ်သင်ကြားပေးနေခြင်း ဖြစ် ကြောင်းသိရသည်။ ကျွန်မတို့ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန အနေနဲ့ ကျောင်းသားကျောင်းသူတွေ နွေရာသီကာလမှာ အချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်စေဖို့နဲ့အား ကစားနဲ့ကာယပညာကို စိတ်ဝင်တစားနဲ့ လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိအောင် ကျွန်မတို့အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ ညောင်ဦး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အေရိုးဗစ် သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်တင့်တင့်ဝင်း(ဦးစီးအရာရှိ)က ရှင်းပြသည်။ အဆိုပါ အေရိုးဗစ် သင်တန်းသင်တန်းသား/သူ စုစုပေါင်း(၂၅)ဦးတက်ရောက်ခဲ့ရှိပြီး၊ သင်တန်းကာလ ဧပြီလ(၅)ရက်နေ့မှ(၉)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကာ ယနေ့သင် တန်းဆင်းပွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ညောင်ဦး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာ နမှသင်တန်းသားသင်တန်းသူများအား တီရှပ်အင်္ကျီများ ပေးအပ်ခြင်း၊ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းဆင်း လက်မှတ်များချီးမြှင့်ပေး အပ်ခဲ့ကြောင်း သိရသည်။
ဇင်ယု(ညောင်ဦး)