ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၃၁၇) ဦး ဝင်ရောက်ဖြေဆို

ရန်ကင်း ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ   အဋ္ဌမ မြောက်နေ့အဖြစ် သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၀၉:၀၀ နာရီက အထက(၁) စာစစ်ဌာနတွင်ပြု လုပ်ခဲ့ ကြောင်း သိရသည်။

ယင်းသို့ စာမေးပွဲဖြေဆိုရာတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် အခက်အခဲမရှိစေရေးအတွက်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာတာ ဝန်ရှိ သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်း၊ အဖွဲ့များမှ စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို၍ ယနေ့တွင် သမိုင်းဘာသာရပ်ကို ဖြေဆိုခြင်းဖြစ်ပြီး ဧပြီလ ၉ ရက် စနေနေ့ နောက်ဆုံးနေ့တွင်  စိတ်ကြိုက်မြန်မာစာတစ်ဘာသာသာ ဖြေဆိုရန် ကျန်ရှိမည် ဖြစ်ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အနေဖြင့် စားရင်းရှိ ကျောင်းသား၊ ကျောင်းသူ  ၃၅၂ ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းမှာ (၃၁၇)ဦး၊ ဖြေဆိုရာနှုန်း ၉၀.၀၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

 အိရွှေစင်