ဖားကန့်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၇၉ရာခိုင်နှုန်းကျော် ဖြေဆို

ဖားကန့်   ဧပြီ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂)ခုတွင်  ယနေ့နံနက် ၉ နာရီက သမိုင်းဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ ၇၉.၆၃ ရာခိုင်နှုန်း‌ရှိပြီး အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ သမိုင်းဘာသာရပ်အား ဝင်ရောက်ဖြေဆိုခွင့်စာရင်းရှိ ကျောင်းသား/သူ(၁၀၈)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ (၈၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး စောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။

မိုးလေး(ပြန်/ဆက်)