ကလောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၄၆)ဦးဖြေဆို

ကလော ဧပြီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၅ ခု မှကျောင်းသား၊ကျောင်းသူ (၁၆၃)ဦးစာရင်းပေးသွင်းထားပြီး (၁၄၆)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ကလောမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်ကြသော အထက(၁)ကလောတွင်  ဖြေဆိုသူ ၉ ဦး၊ အထက(၂)ကလောတွင်ဖြေဆိုသူ ၉ ဦး၊ အထက(၃)အောင်ပန်းတွင်ဖြေဆိုသူ ၅၅ ဦး၊အထက-(၅) အောင်ပန်း တွင်ဖြေဆိုသူ ၂၇ ဦး၊ အထက-(၄)ဟဲဟိုးတွင် ဖြေဆိုသူ ၄၆ ဦး၊ စုစုပေါင်းအတွင်း၊ အပြင်ဖြေဆိုသူ ၁၄၆ ဦး ဝင်ရောက်ဖြေဆိုကြောင်း၊ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိပြီး ဝင်ရောက် ဖြေဆိုမှုရာခိုင်နှုန်း (၈၉ ဒသမ ၅၇)ရာခိုင်နှုန်းနှင့်ပျက်ကွက်မှုရာခိုင်နှုန်း(၁၂ ဒသမ ၀၉) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)