ရန်ကင်း ဧပြီ ၈
(၂၀၂၂)ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကင်းမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ယမန်နေ့ နေ့လည် (၁၃:၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် နမောတဿ(၃) ကြိမ်ညီညာစွာ ရွတ်ဆို၍ အစည်းအ ဝေးကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ ငါးပါးသီလနှင့် အန္တရာယ်ကင်းပရိတ်တော်များ နာကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ် အဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများမှ သြဝါဒချီးမြှင့်ခြင်း၊ ဖြစ်မြောက် ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် အစည်းအဝေး တက်ရောက်လာသူများမှလည်း သာသနာရေးဆိုင်ရာများကို တင်ပြလျှောက် ထားကြသည်။
ဂိုဏ်ပေါင်းစုံ ဆရာတော်ကြီးများအားအဖွဲ့၏ နဝကမ္မ အလှူတော်ငွေကို ဆက်ကပ်လှူဒါန်း ကာဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုပြီး အစည်းအဝေးကို ရုပ်သိမ်းကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကင်းမြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများနှင့် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်၊ ရန်ကင်းမြို့နယ် မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
အိရွှေစင် (ပြန်/ဆက်)