ကျိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်  ဆက်လက်ဖြေဆိုလျက်ရှိ

ကျိုင်းတုံ ဧပြီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ  ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်ထိ ကျင်းပလျက်ရှိရာ ကျိုင်းတုံမြို့နယ်တွင် စာစစ်ဌာန ၆ ခု ဖွင့်လှစ်ပြီး ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကာ ယနေ့ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၄.၀၃ ရာခိုင်နှုန်း  အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာနစုစုပေါင်း ၁၇ ခု  ဖွင့်လှစ်ထားရှိပြီး  သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကာ ဖြေဆိုသည့်ရာခိုင်နှုန်း ၉၁.၅၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)