မိုင်းဖြတ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မိုင်းဖြတ်  ဧပြီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ် ဈေးတန်း( ကွက်သစ်) အသင်းနှင့် ဟိုနားကအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဟိုးနားအသင်းက ဈေးတန်း (ကွက်သစ်)အသင်းကို (၆)ဂိုး (၅)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် တာဝန်ရှိသူများက အသင်းအလိုက် ပထမဆုရရှိသည့် ဟိုနားအသင်း၊ ဒုတိယဆုရရှိသည့် ဈေးတန်း(ကွက်သစ်)အသင်း၊ တတိယဆုရရှိသည့် မိုင်းဟဲအသင်းတို့ အား တစ်ဦးချင်းအလိုက် ဆုတံဆိပ်များ၊ ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်ဆုံးဆုရ အားကစားသမားများအား ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ၂၀၂၂ခုနှစ် မတ်လ ၂၂ရက်နေ့မှ ဧပြီလ ၇ရက်အထိ ရပ်ကွက်နှင့် ကျေးရွာ များမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၀)သင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဧပြီလ ၇ရက်နေ့တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်