သီတက္ကန် (မြောက်) ကျေးရွာမှ ထွက်ရှိသည့်  မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအကြို အတာအိုးများ ရောင်းအားကောင်း

မိတ္ထီလာ ဧပြီ

မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာမှ ထွွက်ရှိသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအကြို အတာအိုးများ  ရောင်းအားကောင်းလျက်ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဉီးထံမှ သိရသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ သင်္ကြန်အကြို နေ့မှ စတင်ကာ အိမ်တိုင်းအတာအိုးများဖြင့် အတာသင်္ကြန်ကို ကြိုဆိုလျက်ရှိသောကြောင့် မဟာ သင်္ကြန် ကာလအကြို အတာအိုးများကို သီးတက္ကန်(မြောက်)ကျေးရွာမှ ဒေသခံကျေးလက်နေ ပြည်သူများက ပြုလုပ် ရောင်းချလျက်ရှိသည်။ သီးတက္ကန်(မြောက်)ကျေးရွာတွင် အိမ်ခြေ ၈၂ အိမ်၊ လူဦးရေ ၄၀၀ ကျော်ရှိသည့်အနက်မှ အိမ်ထောင်စု ၅၀ ကျော်က အိုးလုပ်ငန်းကို အဓိက လုပ်ကိုင် လျက်ရှိသည်။ ထိုသို့  အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်ဖုံး၊ ဆီမီးခွက်၊ အတာအိုး၊ ထန်းမြေအိုးများကို အဓိကလုပ်ကိုင်လျက်ရှိရာမှ နှစ်စဉ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာလအတွင်း အတာအိုးများရောင်းချနိုင်ရေး သင်္ကြန် ကာလမရောက်မီ ဖေဖော်ဝါရီ လနှင့် မတ်လတို့တွင်  အတာအိုးများကို ကြိုတင်၍ ပြုလုပ်ကြသည်။

ယင်းတို့ အတာအိုးများ ပြုလုပ်ရာတွင် လိုအပ်သောမြေများကို အမျိုးသားများကတောမှ လှည်းများဖြင့် သယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး အမျိုးသမီးများက အိုးပုံသွင်ခြင်း၊ နေလှန်းခြင်း၊ မီးဖုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးရရှိလာသော အတားအိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ တောင်ကြီး၊ သာစည်မြို့နယ်များမှ အိုးကုန်သည်များက အတာအိုး တစ်လုံး ၁၈၀ ကျပ်ဖြင့် ကျေးရွာအရောက် ဝယ်ယူလျက်ရှိကြရာ အဆိုပါ အိုးလုပ်ငန်းကို သီးတက္ကန် (မြောက်) ကျေးရွာသာမက အနီးအနား ကျေးရွာများကပါ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)