ရမည်းသင်း ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်တို့ကို ယနေ့ နံနက် ၉ နာရီက တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း အထက (၁) ပင်မနှင်တိုးချဲ စာစစ်ဌာန၊ အထက (၅) မြို့မ စာစစ်ဌာန၊ မြို့လှအထကစာစစ်ဌာန၊ သိမ်ကုန်းအထကစာစစ်ဌာန၊ ရွာတန်းအထက စာစစ်ဌာနနှင့် ရွှေဒါး အထက စာစစ်ဌာန စုစုပေါင်းစာစစ်ဌာန (၇) ခုရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၃၃၇) ဦး၊ ကျောင်းသူ ( ၃၈၁) ဦး စုစုပေါင်း (၇၁၈) ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား (၃၀၇) ဦးနှင့် ကျောင်းသူ (၃၆၂) ဦး၊ စုစုပေါင်း (၆၆၉) ဦး ဖြေဆိုကာပျက်ကွက် ကျောင်းသား (၃၀) ဦး၊ ကျောင်းသူ (၁၉) ဦး စုစုပေါင်း (၄၉) ဦးရှိကြောင်း ရမည်းသင်းမြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရှိရသည်။
ဇော်ဝင်းအောင် (ပြန်/ဆက်)