မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘဏ်များ၏လုံခြုံရေး ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းကြည့်ရှု

ဒဂုံတောင် ဧပြီ ၈

မြို့နယ်အတွင်း ဖွင့်လှစ်ထားသောဘဏ်များ ဘေးကင်းလုံခြုံရေးနှင့် အဖျက်အမှောက်များ ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်းရှိဘဏ်များ၏ လုံခြုံရေးစနစ် ဆောင်ရွက် ထားရှိမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များမှ ယမန်နေ့နံနက် ၁၀ နာရီတွင် ကွင်းဆင်းကြည့်ရှုကြကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင် ဦးဆောင်၍ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေမျိုးအောင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်း၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်စိုးမြင့်ခိုင်၊ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဘဏ်မန်နေဂျာများနှင့် တွေ့ဆုံကာ ဘဏ်လုံခြုံရေးစနစ် ဆောင်ရွက်ထားမှု အခြေအနေများအား မေးမြန်းစိစစ်၍ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

သန်းသန်းအေး(ဒဂုံတောင်)