မဘိမ်း ဧပြီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် မဘိမ်းမြို့နယ်ရှိ စာစစ်ဌာနနှစ်ခု၌ ကျောင်းသား၊ ကျောင်းသူ ၂၀၃ ဦး အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
မဘိမ်းမြို့နယ်ရှိ စာစစ်ဌာနများဖြစ်သည့် အထက(မဘိမ်း)နှင့် အထက(ငါးအိုး) စာစစ်ဌာန နှစ်ခု၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပထဝီဝင်ဘာသာရပ်ကို စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၇၀ ဦးရှိပြီး ၂၀၃ ဦး ဝင်ရောက်ဖြေဆိုသဖြင့် ဖြေဆိုသူ ၇၅.၁၉ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)