ဒေါပုံ ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ မျိူးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါများ မပြန့်ပွားစေရန်အတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရပ်ကွက်များအတွင်း လှည့်လည် ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီ က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆေးထိုးနှံရာတွင် အသက် (၁၈) နှစ်အထက် ပြည်သူများအကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများကို ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်၊ အ-လ-က(၁) ကျောင်းတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက Covid Shield ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း၊ အပူချိန်များ တိုင်းတာပေးခြင်း စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ပြီး အသက် (၁၈) နှစ်အထက်ပြည်သူ စုစုပေါင်း (၁၃၀) ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သူဇာဝင်း(ပြန်/ဆက်)