ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေါပုံ   ဧပြီ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်ထုများအကြား စာဖတ်သည့်အလေ့အထ အကျင့် ကောင်းများတိုးပွားစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ အကြား ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်ရရှိစေရေးအတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သူဇာ၀င်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူငယ် များ၏ မိုးကောင်းကင်စာအုပ်ထဲမှ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသော "လူငယ်များသို့ ပြောချင်သည်" စာအုပ်မှသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူများ ဖြစ်ကြသည့် ဦးစည်သူက ပညာပြည့်၀နှလုံးလှလူငယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနှင်းသူဇာမှ လူငယ်နှင့် Facebook ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သူဇာ၀င်း(ပြန်/ဆက်)