ရန်ကုန် ဧပြီ ၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီ မှ ၁၂ နာရီအထိ သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်l တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း၊ကျောင်းပြင် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူများ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ကျောင်းသား (၁၂)ဦး၊ ကျောင်းသူ (၉) ဦး စုစုပေါင်း(၂၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
စာမေးပွဲဖြေဆိုရန် ကျောင်းတွင်း၊ ကျောင်ပြင်ဖြေဆိုသူစာရင်းရှိ ကျောင်းသား(၁၃) ဦး၊ ကျောင်းသူ (၁၀)ဦး စုစုပေါင်း (၂၃)ဦး ရှိပြီး ကျောင်းသား(၁)ဦး၊ ကျောင်းသူ (၁) ဦး၊ စုစုပေါင်း (၂)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့သည်၊၊
ဗဟန်းမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၉၁.၃၀ ရာခိုင်နှုန်း စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
ထိုသို့ဗဟန်းမြို့နယ်အတွင်း၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာမေးပွဲဖြေဆိုနေမှုများနှင့် ကျောင်းများတွင်လုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က၊ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)