နွားထိုးကြီး ဧပြီ ၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် တိုင်းရင်းဆေးခန်းမှ ဒေါ်ခင်နှင်းပွင့်က တိုင်းရင်းဆေး ပညာဆိုသည်မှာ ရောဂါကာကွယ်ရန်၊ ရောဂါရှာဖွေရန်နှင့် ကုသမှု ပြုလုပ်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းများ၊ နွေရာသီတွင် အဖြစ်များတက်သော ရောဂါ များမှ ခေါင်းအုံ၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်း၊ အပူဝင်၊ အပူငုတ်ရောဂါ၊ မျက်စိကျိန်း၊ မျက်စိနာ ပြုစုကုသခြင်း၊ ဆီပူ ဆီးအောင့်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း ပြုစုကုသခြင်း ဆောင်ရန်နှင့် ရှောင်ရန်များ အကြောင်းကို အကျယ်ဖွင့်ရှင်းလင်း အသိပညာပေး ဆွေးနွေး ခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်