လွယ်ဂျယ် မတ် ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုပိုမို လွှမ်းခြုံနိုင်ရေးအတွင် ဆေးထိုးရန် ကျန်ရှိသူများအား မတ်လအတွင်း ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် လုံးဝမထိုးနှံရသေးသူများအား ပထမအကြိမ်ထိုးနှံပေးခြင်းကို ဧပြီ(၅)ရက်နံနက်(၉)နာရီမှ စ၍ လွယ်ဂျယ်မြို့ တရုတ်ရိုးရာယဉ်ကျေးမှုခန်းမတွင် ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိသည်။
ထိုသို့ထိုးနှံရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီဆေးထိုးရန်လာရောက် သူများအား ပါးစပ်/နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိမရှိ စစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပြီး ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်သည်။ ယနေ့ကာကွယ်ဆေးထိုးနှံရာတွင် အခြားဝင်ငွေရှိ လုပ်ကိုင်သူများ၊ စာသောက်ကုန် ရောင်းချသူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ မှီခိုသူများ၊ ပို့ကုန်သွင်းကုန်/ သိုလှောင်ရုံများမှ (၆၈)ဦးကိုကာကွယ် ဆေးထိုးနှံပေးခဲ့သည်။
လွယ်ဂျယ်မြို့တွင်ဆေးထိုးရန်အကျုံးဝင်သူ အသက်(၁၈)နှစ်အထက် (၅၉၈၇)ဦး ရှိသည့် အနက်ယနေ့အထိ ကိုဗစ်ကာကွယ်ဆေး Phase(8) Second Dose ထိုးနှံပြီးသူနှင့် ပထမအ ကြိမ်ထိုးနှံပြီးသူ(၄၃၀၆)ဦးရှိရာ ရာခိုင်နှန်းအနေဖြင့် ၇၁ .၉၂ ရာခိုင်နှုန်းကို ဆေးထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရသည်။
လွယ်ဂျယ်( ပြန် / ဆက် )