ကျိူက်မရော ဧပြီ ၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စားသောက်ဆိုင်ဝန်ထမ်းများ၊ မုန့်ရောင်းသူများနှင့် အခြားစားသောက်ကုန်ရောင်းသူများအား အသည်းရောင်အသားဝါဘီပိုးနှင့် စီပိုးရှိ/မရှိအခမဲ့ စစ်ဆေးပေးခြင်းကိုယမန်နေ့နံနက်၁၀ နာရီမှစ၍ အတ္တရံခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့စစ်ဆေးပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇင်ထွန်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက စားသောက်ဆိုင်များတွင် လုပ်ကိုင်နေကြသော ဆိုင်ပိုင်ရှင်မှစ၍ အရောင်းဝန်ထမ်းများ၊ မုန့်ဟင်း ခါးလုပ်သူများ၊ ရောင်းသူများနှင့်အများနှင့် ထိတွေ့ဆက်ဆံနေရသောစျေးသည်များအား အသည်းရောင်အသားဝါဘီပိုးနှင့်စီပိုးရှိ/မရှိကိုစနစ်တကျစမ်းသကပ်ပေးလျက်ရှိပြီးအဆိုပါရောဂါပိုးရှိသူများကိုကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)