ကျောက်တော် ဧပြီ ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ၂၀၂၂ ခုနှစ် မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ စာစစ်ဌာန (၁၀)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာရပ်ကို ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ကာ သက်ဆိုင်ရာရပ်ကွက် ကျေးရွာ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူ (၄၅၉) ဦးမှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးလျက်ရှိရာ ကျောက်တော်မြို့နယ်ရှိ သက်ဆိုင်ရာ စာစစ်ဌာနများဖြစ်သည့် အ-ထ-က ကျောက်တော်၊ အ-ထ-က(မြို့မ) ၊ အ-ထ-က (ညောင်ပင်လှ) ၊ အ-ထ-က(အပေါက်ဝ)၊ အ-ထ-က(ဒုက္ကန်ချောင်း)၊ အ-ထ-က(ကန်စောက်)၊ အ-ထ-က (သရက်တပင်) နှင့် အ-ထ-က(ခွဲ)ကျားနင်းကန် စသောစာစစ်ဌာနများတွင် နံနက် ၉ နာရီအချိန်မှ ၁၂ နာရီအချိန်ထိ ပထဝီဝင်ဘာသာရပ် ၃ နာရီကြာမေးခွန်းများအား သက်ဆိုင်ရာ စာစစ်ဌာန များတွင် စစ်ဆေးလျက်ရှိရာ တာဝန်ကျကြီးကြပ်ရေးမှူးများ၊ ဆရာ၊ ဆရာ မများမှစနစ်တကျ ကြီးကြပ်စီစဉ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့်မြို့နယ် တပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲကို စိတ်အေးချမ်း စွာဖြေဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။ ကျောက်တော်မြို့နယ်အတွင်းရှိ စာစစ်ဌာန များတွင် ယနေ့ပထဝီဝင်ဘာသာရပ်အား ဝင်ရောက်ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၉၉) ဦးရှိသည့်အနက် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၂၁၃)ဦး၊ ကျောင်းသူ (၂၈၆) ဦး ဝင်ရောက်ဖြေဆိုရာ စုစုပေါင်း ဝင်ရောက် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၄၅၉)ဦးရှိရာ ပထဝီဝင်ဘာသာရပ်အား ဖြေဆိုရန် ပျက်ကွက်သူ ကျား(၂၀)ဦးနှင့်မ(၂၀)ဦး စုစုပေါင်းဖြေဆိုရန် ပျက်ကွက်သူ (၄၀)ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ရာခိုင်နှုန်းမှာ(၈.၀၂) ရာခိုင်နှုန်းဖြစ်ပြီး ပထဝီဝင်ဘာသာရပ် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၁.၉၈) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်မောင်ထွန်း