မောင်တော ဧပြီ ၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ် ဌာနများဖွင့်လှစ်၍ နံနက် ၉ နာရီအချိန်မှ မွန်းတည် ၁၂ နာရီအချိန်ထိ ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပထဝီဝင်ဘာသာရပ်အား ကျောင်းသား/ သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ပြို လက်ဝဲ စာစစ်ဌာနနှစ်ခုတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၂၁၅)ဦးရှိသည့်အနက် ပထဝီဝင် ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၈၉)ဦး နှင့် မ(၁၀၇)ဦး ပေါင်း (၁၉၆) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၁၀) ဦး၊မ (၉) ဦး ပေါင်း (၁၉)ဉီး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၁ ဒဿမ ၁၆) ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ (၈ ဒဿမ ၈၄)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူ များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေးများ ထားရှိကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)